ပုသိမ်ကျောင်းရင်း မိဘများပွဲ ကျင်းပခြင်း၊ (ဇူလိုင် ၁၇၊ ၂၀၂၆)

၂၀၂၆ ဇူလိုင်လ (၁၇) ရက်၊ ညနေ ၅း၀၀ နာရီအချိန်တွင် ပုသိမ်မြို့၊ စိန့်ဖရန်စစ်ဇေးဗီးယား သီလရှင်များကျောင်းရင်း၌ စိန့်ဖရန်စစ်ဇေးဗီးယားသီလရှင်အသင်းဂိုဏ်းမှ ဦးစီးသော မိဘကျေးဇူးရှင် ဆရာသမား၊ အကြီးအကဲများအား ဂုဏ်ပြုကန်တော့ လက်ဆောင်ပေးခြင်း အစီအစဉ်များနှင့် နှုတ်ဆက်ခြင်းသီချင်းများကို ပြုလုပ်ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာပိုင် ဆရာတော် ဟင်နရီ မန်းအိုင်ခလိန်နှင့် ရဟန်းတော်များ၊ မာသာရ်ကြီး အန်းထရေဇား၊ မာသာရ် ကော်လက်၊ မာသာရ် မာဂရက်မေရီနှင့် စစ္စတာရ်ကြီးများ ကန်တော့ခံရန် ကြွရောက်ကြပြီး၊ စိန့်ဖီလိုမီနား သမီးငယ်များ၊ စိန့်မေရီ ဘော်ဒါကျောင်းမှ ကျောင်းသူသမီးငယ်များ၊ ပုသိမ် မူကြိုဆရာမများ၊ ဝင်လိုသူများ၊ စပါယ်ရှယ် နှင့် မရမ်းချောင်းမှ သီလရှင်လောင်းများ စုပေါင်းပါဝင်ကြပြီး၊ မှတ်တမ်းတင် ဓါတ်ပုံ ဗီတီယိုများကို RVA PWO Karen, OSC Pathein တို့မှ ပါဝင်လုပ်ဆောင်ပေးကြပါသည်။ 

By..Pietro

Leave a Reply

Your email address will not be published. Required fields are marked *